တောင်ကုတ် မတ် ၆
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ်၌ မြို့မ ကျက်သရေဆောင် ဖောင်တော်ဦးစေတီတော်တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲ ကျင်းပခဲ့သည်။
မြို့မကျက်သရေဆောင်ဖောင်တော်ဦးစေတီတော်တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲကို စေတီတော် ဂေါပကအဖွဲ့မှနှစ်စဉ်ကျင်းပလျက်ရှိပြီး ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိပြီး အလားတူ တန်ခိုးကြီး ဘုရားများဖြစ်သည့် ကိုင်းရှည်ကျေးရွာရှိ မဟာဗောဓိစေတီတော် ၊ လောကချမ်းသာမြသာလျောင်း ဘုရားနှင့် အာလိန်ငါးဆင့်ဘုရားများတွင်လည်း စည်ကားလျက်ရှိသည်။
တပေါင်းလပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရားရှင် ပြည်တော်ဝင်အခါတော်နေ့ဖြစ်ပြီး ကာဠုဒါယီမထေရ်က မြတ်ဗုဒ္ဓအား ကပိလဝတ်ရွှေမြို့တော်သို့ ကြွတော်မူပါရန် လျှောက်ထားသည့်နေ့ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ရာ တောင်ကုတ်မြို့နယ်အတွင်းရှိ ဘုရားကျောင်းကန်များ၊ အထင်ကရနေရာများတွင် ဘုရားဖူးပြည်သူများ၊ လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်