တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

တောင်တွင်းကြီး မတ် ၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ပန်းချီအနုပညာကို စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့်ရေးဆွဲနိုင်စေရန်အတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ(၆)ရက် နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အဆိုပါ  အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ပန်းချီဆရာဦးသူရ‌ကျော်က ပန်းချီပညာတွင် အခြေခံကျသည့် မျဉ်းကြောင်းရေးဆွဲနည်း၊  အလင်းအမှောင်၊  ပန်းချီပညာအယူအဆနှင့် ပန်းချီပညာ၏ အခြေခံစည်းမျဉ်းစည်းကမ်းများကို ကျောင်းသား/ ကျောင်းသူများ နားလည်သိရှိစေရန်  မတ်လ(၆)ရက်‌နေ့မှ ဧပြီလ(၇)ရက်နေ့အထိ သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းသို့ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၅၀)ဦး တက်‌ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)