သာယာဝတီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန (၁) ခုတွင် ကျောင်းသား၊ ကျောင်းသူ (၄၁၂) ဦး ဝင်ရောက်ဖြေဆိုမည်

သာယာဝတီ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ (၄၁၂) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ (၈) ရက်နေ့မှ မတ်လ (၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ သာယာဝတီမြို့နယ် အ.ထ.က(၁) သာယာဝတီ စာစစ်ဌာနတွင် ကျောင်းတွင်းဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ (၆၂)ဦး၊ ပြင်ပမှဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူ (၃၅၀)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၄၁၂) ဦး ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။

သာယာဝတီမြို့နယ်၌ ယမန်နှစ်က တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၄) ခုသတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူ (၁၁၆၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၅၇၅) ဦးအောင်မြင်ခဲ့သဖြင့် အောင်ချက်ရာနှုန်းမှာ ၅၀.၉၈ ရာခိုင်နှုန်းရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)