ကန်ကြီးထောင့် ဖေဖော်ဝါရီ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား ပင်စင်စား များအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်(၈)နာရီက စတင်၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၃ခုနှစ် ဖေဖော်ဝါရီလအတွက် ပင်စင်လစာငွေများကို ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှ (၂၇)ရက်နေ့အထိ နံနက် (၈)နာရီမှ မွန်းလွဲ(၂)နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် ထုတ်ပေးခြင်းဖြစ်ကြောင်း၊ အဆိုပါရက်များတွင် လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ၂၀၂၃ ခုနှစ်၊ မတ်လ လဆန်းပိုင်းတွင် ထပ်မံထုတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကန်ကြီးထောင့်မြို့နယ်တွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အငြိမ်းစားပင်စင်လစာငွေ ထုတ်ယူသူဦးရေ (၉၆၈)ဦးရှိပြီး ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် ပင်စင်စား (၃၀၅) ဦးအား ထုတ်ပေးပြီးဖြစ်ကြောင်း ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
မဇင် (ပြန်/ဆက်)