ဖြူးမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ (၄၂၉)သိန်းကို နဝမအကြိမ် ထုတ်ချေးပေး

ဖြူး ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပေးလျက်ရှိရာ သ​​​​​ပြေလဟာကျေးရွာအုပ်စု၊ ငါးဘက်အိုင်ကျေးရွာ တွင် မြစိမ်းရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးအောင်က ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်း ချေးငွေထုတ်ချေးပေးရာတွင် အသင်းသား(၁၁၇)ဦးအား ချေးငွေကျပ်(၄၂၉)သိန်းအား နဝမအကြိမ်​မြောက်နေ့ချင်းပြီး ထုတ်ချေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ စျေးရောင်းစျေးဝယ်လုပ်ငန်းများ၊ အသေးစားလုပ်ငန်းများစသည့် လုပ်ငန်းများလုပ်ကိုင်ပြီး ရရှိလာသည့် အတိုးငွေများဖြင့် မိမိတို့ကျေးရွာအတွင်း လိုအပ်လျက်ရှိသည် လမ်းများ၊ တံတားများ၊ ရေရရှိရေး၊ မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)