ပေါင်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ပေါင် ဖေဖော်ဝါရီ  ၂၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်  မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို   ပေါင်မြို့နယ် ကဒါရပ်ကွက် မင်္ဂလာဈေးတွင်  ယနေ့နံနက်ပိုင်းက  ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ရာတွင်   ပေါင်မြို့နယ်မီးသတ်ဦးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ   ဦးမြတ်ကိုကိုနှင့်   တာဝန်ရှိသူများက ဈေးအတွင်းရှိ   ဈေးသူ/သားများ အား မီးသတ်ဆေးဘူးအသုံးပြုနည်းများနှင့်    လက်တွေ့မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြဆောင်ရွက်ခဲ့သည်။

ထို့နောက် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ    ဦးမြတ်ကိုကိုနှင့် တာဝန်ရှိသူများက  ဈေးအတွင်းရှိ ဈေးတန်းများ၊ စာသောက်ဆိုင်များတွင် မီးဖိုအသုံးပြုနေမှုများ၊ ဓာတ်ငွေ့မီးဖိုများနှင့် လျှပ်စစ်မီးသုံးစွဲနေမှုများအား မီးများစနစ်တကျသုံးစွဲရန် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိရန်၊ ဈေးတန်းများ၊ စားသောက်ဆိုင်များတွင်ထားရှိသည့်   မီးသတ်ဆေးဘူးများ သက်တမ်း လွန်မှုရှိ/မရှိ အခြေအနေများနှင့် လိုအပ်ချက်များအား လိုက်လံစစ်ဆေးခဲ့ပြီး မီးမလောင်ခင် ဆောင်ရွက်ရမည့်နည်းများ၊ မီးလောင်လျင် ဆောင်ရွက်ရမည့်နည်းလမ်းများကို လိုက်လံစစ်ဆေးခဲ့ပြီး မီးမလောင်ခင် ဆောင်ရွက်ရမည့်နည်းများ၊ မီးလောင်လျင် ဆောင်ရွက်ရမည့်နည်းလမ်းများကို အသိပညာပေး ဟောပြောခြင်းများနှင့် သရုပ်ပြဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသူ/သားများ   စုစုပေါင်းအင်အား (၇၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)