မိုင်းခတ် ဖေဖော်ဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဝင်ခွင့်ကတ်များကို မြို့နယ်ပညာရေးမှူးရုံး၌ ဖေဖော်ဝါရီ ၂၃ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲ ဖြေဆိုဝင်ခွင့်ကတ်များကို တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ သတ်မှတ်ရက်အတွင်း နေ့စဉ် လာရောက်ထုတ်ယူလျက်ရှိပြီး မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ လာရောက်ဖြေဆိုကြမည့် ကျောင်းပြင်ပဖြေဆိုသူများမှ အတွဲ(၇) ဘာသာရပ်တွင် ဖြေဆိုသူ(၁)ဦး၊ အတွဲ(၁)ဘာသာရပ်တွင် ဖြေဆိုသူ(၂၃)ဦး၊ အတွဲ(၂)ဘာသာရပ်တွင် ဖြေဆိုသူ(၁၈)ဦး စုစုပေါင်းဖြေဆိုသူ (၄၂)ဦး ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
မြို့နယ်ပြန်/ဆက်