မြစ်ကြီးနားမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ
Feb 28,2023
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) အား အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီ ၃၀ ချိန်တွင် ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခအစည်းအဝေးခန်းမ၌ ပို့ချခဲ့သည်။