မိုင်းခုတ် ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဝန်ထမ်းများက သုတ၊ ရသ အစရှိသည့် စာအုပ်စာစောင်အမျိုးအစားများကို စုံလင်စွာ သယ်ဆောင်၍ မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မိုင်းခုတ်မြို့ ပြည်သူ့ဆေးရုံတို့ရှိ စာဖတ်ပရိသတ်များထံသို့ လက်ဝယ်အရောက် သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
နယ်လှည့်စာကြည့်တိုက်ကို အများပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်၍ စာပေဖတ်ရှုခြင်းမပြုနိုင်သော စာဖတ်ပရိတ်သတ်များအတွက် အဆင်ပြေလွယ်ကူစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)