မြို့သစ်မြို့နယ်၌ နွေစပါး(ရတနာတိုး)စံကွက် ရိတ်သိမ်း

မြို့သစ် ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ပုလင်းကြီးကျေးရွာအုပ်စုရှိ တောင်သူ ဦးသန်းထွန်း စိုက်ပျိုးထားသည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါး(ရတနာတိုး)စိုက်ခင်း၌  ယမန်နေ့နံနက်ပိုင်းက စံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နွေစပါးစံကွက်ရိတ်သိမ်းရာတွင် မကွေးတိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးဌာနမှူး ဦးစံရဲကျော်၊ မကွေးခရိုင်မြေစာရင်းဦးစီးဌာနမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြပြီး စံကွက်ရိတ်သိမ်းခဲ့ကြရာ နွေစပါး(ရတနာတိုး) စပါးမျိုး(သင့်) ကိုယ်စားပြုအလွှာတွင် တစ်ဧကလျှင် အစိုထွက် (၁၀၇ ဒသမ ၃၉) တင်း၊ အခြောက် (၉၃ ဒသမ၂၆)တင်းထွက်ရှိကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)