မာန်အောင် မတ် ၁၀
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် ယနေ့နံနက်၁၀နာရီက မာန်အောင်မြို့နယ်သို့ ရောက်ရှိလာရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
အဆိုပါ နယ်လှည့်အထူးကုဆေးအဖွဲ့တွင် ရောဂါဗေဒပါရဂူ၊ ပြည်သူ့ကျန်းမာရေးပါရဂူ၊ ခွဲစိတ်ပါရဂူ၊ အထွေထွေရောဂါကုပါရဂူ၊ မျက်စိအထူးကုပါရဂူ၊ သွားရောဂါအထူးကုပါရဂူ၊ နား/နှာခေါင်း/ လည်ချောင်းပါရ ဂူ၊ သားဖွားမီးယပ်အထူးကု၊က
လေးအထူးကု၊ အရိုးအထူးကု၊ မေ့ဆေးပါရဂူ၊ ဓာတ်ခွဲပါရဂူ၊ ဓာတ်မှန်ပါရဂူ စသည့်အထူးကုပါရဂူ ဆရာဝန်ကြီးများအဖွဲ့သည် မာန်အောင်မြို့နယ်ခန်းမ၌အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)