ပင်းတယမြို့နယ်၌ နွေသီးနှံငရုတ်ပွစိုက်ခင်းများ အောင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်

ပင်းတယ မတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်  ဇော်ဂျီချောင်းမှ ရေများခုတ်တင်သွယ်တန်း၍ ရေသွင်းစိုက်ပျိုးထားသည့် နွေသီးနှံငရုတ်ပွသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ကြောင်း သိရသည်။

"ငရုတ်ပွသီးနှံပင်များကို ဇန်နဝါရီလလယ်က မျိုးစေ့များကိုဝယ်ယူ၍ ပျိုးပင်များ စတင်စိုက်ပျိုးခဲ့ရာမှာ တစ်ဧကစိုက်ပျိုးစရိတ် ငွေကျပ်(၁၀) သိန်းခန့်ရင်းနီးကုန်ကျခဲ့ရပြီး သီးနှံရောင်းချတဲ့အခါ ဈေးကောင်းရရှိရန် မျှော်လင့်ပါတယ်လို့" ဇော်ဂျီကျေးရွာနေ တောင်သူဦးဝင်းအောင်က ပြောပြသည်။

ထို့အပြင် ပင်းတယမြို့နယ်တွင် ရေသွင်းစိုက်ပျိုးထားသည့် ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ သီးနှံစသည့် နွေရာသီသီးနှံများလည်း အောင်မြင်ဖြစ်ထွန်းနေပြီး ရရှိလာတဲ့ သီးနှံများကို အောင်ပန်းပွဲရုံသို့ တင်ပို့ရောင်းချ ကြောင်းလည်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)