ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦး အ-ထ-က(ရွှေသောင်ယံ)စာစစ်ဌာနတွင် ဆောင်ရွက်ထားမှုများအား လိုက်လံစစ်ဆေး၍လိုအပ်သည်များမှာကြား

ရွှေသောင်ယံ မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)စာစစ်ဌာနတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်က ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်ဦးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများပျက်ကွက်မှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုများ၊ ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်ထားမှုများ၊ ကျောင်းသား၊ ကျောင်းသူများဘေးကင်းလုံခြုံစွာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနိုင်ရန်တာဝန်ရှိသူများနှင့် စီမံဆောင်ရွက်ထားမှုများတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူးလာရောက်စစ်ဆေးရာသို့ ရွှေသောင်ယံမြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊ ရွှေသောင်ယံနယ်မြေရဲစခန်းမှူးနှင့်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ကျကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းအကျိုးတော်ဆောင်များမှသွားရောက်ပြီး ဆောင်ရွက်ထားသည်များအား ရှင်းလင်းပြသကာမြို့နယ်အုပ်ချုပ်ရေးမှူး၏ မှာကြားချက်များကိုမှတ်သားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)