ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း e-IDစနစ်ဖြင့် အိမ်‌ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းများအား ကြည့်ရှုစစ်ဆေး

ပုသိမ် မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မှတ် (၁၅) မြက်တိုရပ်ကွက် စုပေါင်း ရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ e-ID စနစ်ဖြင့် Data Based ရေးသွင်း ထားသည့် အိမ်ထောင်စု လူဦးရေစာရင်းများအား မြေပြင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အချက်အလက်များ တိုက်ဆိုင်စစ်ဆေးခြင်းအား တိကျမှန်ကန်စွာ ဖြည့်သွင်းရေး၊ အချက်အလက်များ မြန်ဆန်မှန်ကန်စွာ စနစ်တကျ စိစစ်ဆောင်ရွက်ဖြည့်သွင်းစေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးမှာကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးတွင် Pilot Project ဖြင့် ဆောင်ရွက်လျက်ရှိသည့် Biometric data များ ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ကာ အချက်အလက်များ မှန်ကန်မြန်ဆန်စွာ ဖြည့်သွင်းစေရေးနှင့် စနစ်တကျ မှတ်တမ်းထားဆောင်ရွက်စေရေး မှာကြားခဲ့သည်။

လှမင်းထွန်(ပြန်/ဆက်)