ရွှေတောင်မတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနှိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန့်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့် စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ရန်ပုံငွေရရှိနိုင်ရေး၊ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မှုအခြေအနေ၊ ပျော်ရွှင်စွာရေကစားမည့် နေရာစီစဉ်ထားမှု၊ ရေပြတ်လပ်မှုမရှိစေရေး၊ ကျွေးမွေးဧည့်ခံရေးနှင့် ဖျော်ဖြေရေးဆောင်ရွက်ရမည့် အခြေအနေတို့ကို သက်ဆိုင်ရာဌာနများအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၏ ဆွေးနွေးမှုများအပေါ် ဆုံးဖြတ်ချက်များ ချမှတ်၍ လုပ်ငန်း ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း ( ပြန် / ဆက်)