ဘူးသီးတောင်မြို့၌ မီးဘေးသင့်အိမ်ထောင်စု(၄)စုတို့အား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်

ဘူးသီးတောင် မတ် ၁၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိန်ညှင်းပြားကျေးရွာအုပ်စု၊ ဒိုင်နက်ပြင်ကျေးရွာ၌ မတ်လ(၉)ရက်နေ့ညက မီးလောင်ကျွမ်းခဲ့သည့် မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်း များပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ရာတွင် မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းထွန်းနှင့် တာဝန်သူများက ပေးအပ်ရာ မီးဘေးသင့်ပြည်သူများက လက်ခံရယူကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူများမှာ အိမ်ထောင်စု(၄)စုဖြစ်ပြီး လူဦးရေ ကျားကြီး(၅)ဦး၊ ကျားငယ် (၁၀)ဦး၊ မကြီး(၆)ဦး၊ မငယ်(၁၁)ဦး၊ စုစုပေါင်း(၃၂)ဦးရှိကာ အိမ်ထောင်စုတစ်စုလျှင် အိမ်ဆောက်လုပ်ရန်အတွက် ထောက်ပံငွေကျပ် ၁၀၀၀၀၀ (တစ်သိန်း) နှုန်းဖြင့် စုစုပေါင်း (၄၀၀၀၀၀)ကျပ် လေးသိန်းနှင့်လူ တစ်ဦးလျှင် တစ်ရက်ဆန်(၂)ဘူး နှုန်းဖြင့် (၃၂)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက် စာတန်ဖိုးထောက်ပံ့ငွေ ၆၇၂၀၀ ကျပ် (ခြေက်သောင်းခုနှစ်ထောင် နှစ်ရာ) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ်(၄၆၇၂၀၀)ကျပ်နှင့် ကျားလုံချည်၊ မလုံချည်၊ တဘက်၊ ဆပ်ပြာ၊ တီရှပ်၊ စောင်၊ ဒန်အိုး၊ ပလတ်စတစ်ရေချိုးခွက်၊ စတီးလ်သောက်ရေခွက်၊ စတီးလ်ပန်းကန်ပြား၊ စတီးလ်ဓား၊ စတီးလ်ဇွန်း၊ တာပေါ်လင်စ၊ ပလတ်စတစ်ပုံး၊ ဇလုံ၊ ခြင်ထောင်(၁၆)မျိုးပါဝင်သည့် ပလတ်စတစ်ပုံး(၄)လုံးတို့ကို ထောက်ပံ့ခဲ့ ကြောင်း သိရသည်။

လှကျော် (ပြန်/ဆက်)