မန်တုံမြို့နယ်၊ လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ အသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

မန်တုံ မတ် ၁

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ “ရွှေ့ပြောင်းသွားလာခြင်း” ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဆွေးနွေးပွဲကို ဆောင် ရွက်ခြင်းဖြင့် ရွှေ့ပြောင်းသွားလာခြင်း အမျိုးမျိုးကိုသိရှိစေရန်၊ ရပ်ရွာလူထုကြား ပြန်လည်မျှဝေတတ်စေရန်၊ ရွှေ့ပြောင်းသွားလာခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများ၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ကြိုတင်ပြင်ဆင်မှုများသိရှိစေရန်ရည်ရွယ်ဆောင်ရွက်ရခြင်းဖြစ်ပြီး အမျိုးသမီးအဖွဲ့ဥက္ကဋ္ဌဒေါ်မာဘာက်ကဦးဆောင်၍ ပုံမှန်ရွှေ့ပြောင်းသွားလာခြင်း၊ ပုံမှန်မဟုတ်သော ရွှေ့ပြောင်းသွားလာခြင်း အစရှိသည်များကို ရှင်းလင်းဆွေးနွေးပေးပြီး တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မန်တုံ(ပြန်/ဆက်)