သတင်းများ

မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် စပျစ်ပင်များ အောင်မြင်ဖြစ်ထွန်း
Mar 13,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စပျစ်စိုက်ပျိုးခြင်းကို မြေအောက်ရေတူးဖော်စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စပျစ်သီး စျေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း စပျစ်ခြံစိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။
မိုင်းတုံမြို့၌ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ ဌဒေါ်ဝင်းဝင်းမှ ကြီးမှုကျင်းပသော တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဆိုင်ရာအသိပညာပေးဟောပြော ပွဲကို မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက လွယ်ခမ်းလုံအုပ်စု လွယ်ခမ်းလုံကျေးရွာ အစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဝင်ရောက်ဖြေဆို
Mar 13,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓါတုဗေဒဘာသာရပ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းမြေ့စွာ ဆက်လက်ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုင်းယုမြို့၌ ရှင်ပြုရဟန်းခံအလှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ
Mar 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ရှင်ပြုရဟန်းခံအလှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်အတွင်း ဖွင့်လှစ်သော အခြေခံအားကစား နည်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 13,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း
လက်ပံတန်းမြို့နယ်၌ မျိုးစေ့ချကိရိယာ(Drum Seeder)များ ပေးအပ်ပွဲကျင်းပ
Mar 13,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ မိုးစပါး၊ နွေစပါးအထွက်နှုန်း တိုးတက်စေရန်၊ တိုက်ရိုက်ကြဲခင်းစနစ်မှ အစေ့ချစိုက်ပျိုးနည်းစနစ်သို့ ပြောင်းလဲခြင်းဖြင့် မျှော်မှန်းပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍  မျိုးစေ့ချကိရိယာ(Drum Seeder)များအား တောင်သူများလက်ဝယ်အရောက်ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌    ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
နမ့်ဆန်မြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်အား ဆက်လက်ဖြေဆို
Mar 13,2023
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ်၊ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်ရှိ သက်ဆိုင်ရာစာစစ် ဌာနများအလိုက်ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ မြို့မိမြို့ဖ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Mar 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယမန်နေ့ နံနက်(၇)နာရီခွဲက မိုင်းရှူးမြို့၊ အမှတ်(၁)ရပ်ကွက် ဘုံခန်းမ၌ ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံကြောင်း သိရသည်။