မိုင်းယောင်းမြို့တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေး

မိုင်းယောင်း မတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့တွင် ယနေ့က ပင်စင်လစာများကို အငြိမ်းစားဝန်ထမ်းများအား ထုတ်ပေးလျက်ရှိကြောင်း မိုင်းယောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

မိုင်းယောင်းမြို့တွင် အငြိမ်းစားဝန်ထမ်း ၃၆၅ ဦးရှိပြီး ပင်စင်လစာ မထုတ်ရသေးသည့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ဘဏ်ဖွင့်ရက်များတွင် ဘဏ်လုပ်ငန်း ချိန်အတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း