မုံရွာ မတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာ ပေး ဟောပြောပွဲကို ယနေ့ နံနက်(၁၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းအုပ်ကြီးတို့က သားငယ်သမီးငယ်များအား ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝ ရရှိစေရန်အတွက် ဉပဒေပါအချက်အလက်များကို လေ့လာမှတ်သားနိုင်ရေး အသေးစိတ် အကျယ့်အဝန့် ရှင်းလင်း အမှာစကား ပြောကြားခဲ့ပြီး နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဉပဒေပါ အကြောင်းအရာများအား လူမှုဝန်းထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်နှင့် ဒုဦးစီးမှူး ဒေါ်သင်းနုအေးတို့က ဟောပြောပို့ချခဲ့ပြီး တက်ရောက် လာကြသော သင်တန်းသား၊ သင်တန်းသူ သားငယ် သမီးငယ်များနှင့် အတူ အပြန် အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ သည်။
အဆိုပါ ဟောပြောပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်၊ စစ်ကိုင်းတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)မှ ကျောင်းအုပ်ကြီး ဦးအောင်ဇော်လွင် ဒုတိယကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူ သားငယ် သမီးငယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)