ဝိုင်းမော် မတ် ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက ၂၀၂၃ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြိုအဖြစ် (၇၈) နှစ်မြောက်တပ်မတော်နေ့ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက တပ်ရင်းတပ်ဖွဲ့များ၊ ဌာနအသင်းအဖွဲ့များနှင့် မြို့ပေါ်နေပြည်သူများ လက်ဝယ်သို့အရောက် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ၂၇ - ၃ - ၂၀၂၂ ရက်နေ့ (၇၇) နှစ်မြောက်တပ်မတော်နေ့ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ ပြည်သူချစ်တဲ့တပ်မတော်၊ စွမ်းအားရှိသမျှ ကာကွယ်ပေးမယ်၊ တပ်မတော်၏အား (၁၀) ပါး၊ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့၊ ဆောင်ပုဒ်များ၊ ကာတွန်းများစသည့် အကြောင်းအရာများကို ဖော်ပြပေးထားသည်။
ဖြူစင်