မိုးညှင်းမြို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင်သံဃာ/သီလရှင်များ ဆုနှင်းသဘင်အခမ်းအနား ကျင်းပ

မိုးညှင်း မတ် ၂၈

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက ဥတ္တရာရာမကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် တက်ရောက်လာကြသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး ရတနာသုံးပါး ကန်တော့ခြင်းနှင့် ငါးပါးသီလ ခံယူဆောက်တည်ကြကာ ကံဦးကျောင်းတိုက်ဆရာတော်ထံမှ ဩဝါဒကထာ နာယူခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတော်မူပြီးနောက် စာအောင်သံဃာ/သီလရှင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများမှ စာအောင်လက်မှတ်များကို အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုခဲ့ကြ၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် မိုးညှင်းမြို့နယ်တွင် ၂၀၂၂ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ပထမအကြီးတန်းတွင် သံဃာ/သီလရှင် (၂)ပါး၊ ပထမအလတ်တန်းတွင် သံဃာ/သီလရှင် (၇)ပါး၊ ပထမအငယ်တန်းတွင် (၆)ပါးနှင့် အခြေပြုမူလတန်းတွင် (၁၄)ပါး စုစုပေါင်း (၂၉)ပါးကို ဆုများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။

ရွှေမိုးညှင်း