ကံမ မေ ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မေ (၈)ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ရပ်ကွက်(၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စု၊ ကျေးရွာ ( ၁၉ )ရွာတို့တွင် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်း၊ လူနေအိမ် (၉၄) လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေနှင့် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေများကို ယမန်နေ့က ကျေးရွာများအရောက် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေး ဦးဆောင်မှုဖြင့် အဖွဲ့(၄)ဖွဲ့ခွဲ၍ ကျေးရွာများ အရောက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကံမမြို့နယ်အတွင်းရှိ လေဘေးသင့် အိမ်ထောင်စု(၉၄)စုအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆန်ထောက်ပံ့မှု တန်ဖိုးငွေ (၈၂၆၃၀၀)ကျပ်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေ (၂၈၀၂၉၀၀) ကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးကျော်ဇေယျဝင်း