ရွှေတောင်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ရွှေတောင် မေ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက သဘာဝဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်မှုအခြေအနေနှင့်ဆက်စပ်ဖြစ်ပေါ်နိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ခန့်မှန်းချက်များ ကြိုတင်သတင်းများ၊မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်နေစဉ် လိုက်နာရမည့်အချက်များနှင့် မုန်တိုင်းဖြစ်ပြီးချိန်တွင် ရှောင်ရှားသင့်သည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်မျိုးဆက်သစ်လူငယ် ကျောင်းသားကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီး သဘာဝဘေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန် / ဆက်)