ရမ်းဗြဲမြို့တွင် မုန်းတိုင်းဘေး ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်

ရမ်းဗြဲ မေ ၁၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် မုန်တိုင်းကြိုတင်ကာကွယ်နိုင်ရေးအတွက်  အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၄) နာရီအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များတို့  ပူးပေါင်း၍   မုန်တိုင်းအန္တရာယ်အသိပညာပေး နှိုးဆော်ချက်များကို အသံချဲ့စက်များဖြင့်  လှည့်လည်နှိုးဆော်ခဲ့ကြသည်။                                                       

ထိုသို့  အသိပညာပေးနှိုးဆော်ရာတွင် အများပြည်သူအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းကို ကြိုတင်ကာကွယ်ပြင်ဆင် သတိပြု နိုင်စေရေးအတွက် မိမိတို့၏နေအိမ်များကို ခိုင်ခန့်အောင်ပြုပြင်ထားကြရန်၊ ကမ်းခြေအနီးနေထိုင်ကြသော မိဘပြည်သူများ အနေဖြင့်  မုန်တိုင်းတိုက်ခတ်ချိန်တွင် ကုန်းတွင်းပိုင်းတွင်ရှိသော  လုံခြုစိတ်ချခိုင်ခန့်သော  အဆောက်အဦးများသို့  ကြိုတင် ပြောင်းရွှေ့နေထိုင်ကြရန်နှင့်   မိုးလေဝသသတင်းများအား   စဉ်ဆက်မပြတ်   နားထောင်ကြရန်  ကြိုတင်သတိပေး နှိုးဆော်ခဲ့ကြ ကြောင်း   သိရသည်။

မြို့နယ်(ပြန်/ဆက်)