သတင်းများ

၁၃၈၄ ခုနှစ်၊ ကဆုန်လပြည့်နေ့၌ သရက်ချောင်းမြို့နယ်၊ သမိုင်းဝင်ရှင်တောင့်ပုံဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်၊ သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကား
May 04,2023
၁၃၈၄ခုနှစ်၊ ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သမိုင်းဝင်ရှင်တောင့်ပုံဘုရားနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဥပုဒ်၊ သီလဆောက်တည်သူများနှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားအေးချမ်းလျက်ရှိကြောင်း သိရသည်။
ကဆုန်လပြည့်(ဗုဒ္ဓ)နေ့တွင် ဝမ်းတွင်းမြို့၌ သံဃာတော် ၁၀၈ ပါး ဆွမ်းလောင်းလှူပွဲကျင်းပ
May 04,2023
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝမ်းတွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော သံဃာ ၁၀၈ ပါးအား သံဃဒါန ၊ ဆွမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ ကဆုန်လပြည့်နေ့(ဗုဒ္ဓ) နေ့ နံနက် ၆ နာရီက  ရာဇမုနိဘုရား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကဆုန်လပြည့်နေ့ ညောင်‌ရေသွန်းလောင်းလှူပွဲနှင့် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အခမ်းအနားကျင်းပ
May 04,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကဆုန်လ ပြည့်နေ့ညောင်ရေသွန်းလောင်းလှူပွဲနှင့် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က အမှတ်(၅)အခြေခံပညာမူလတန်း‌ ကျောင်းရှေ့မှစတင်၍ ပြည်ထောင်စုလမ်းမကြီး-ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ တစ်ဆင့် သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးအထိ လှည့်လည်ပူဇော်ခဲ့ကြသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၌ (၂၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ
May 04,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း( ကြူကုတ်) မြို့ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်း၌ (၂၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပပြုလုပ်သည်။
ပခုက္ကူမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ
May 04,2023
မြန်မာသက္ကရာဇ်၁၃၈၅ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၉နာရီအချိန်က ပခုက္ကူမြို့၊ ရွှေမုဋ္ဌောစေတီတော်မြတ် ကြီးပရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပပြုလုပ်သည်။
လင်းခေးတွင် ကဆုန်လပြည့်နေ့ မြို့နယ်လုံး ကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
May 04,2023
နှစ်စဉ်ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) ရောက်တိုင်းလင်းခေးခရိုင်၊ လင်းခေးမြို့၌ ကျင်းပမြဲဖြစ်သော (၆၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်၇နာရီကကျင်းပခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား၊ အကျဉ်းသူ ၆၅ ဦး လွတ်မြောက်
May 04,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၃၁/၂၀၂၃ ဖြင့် ယမန်နေ့မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့) ယမန်နေ့တွင် ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊
သပိတ်ကျင်းမြို့ ကမ္ဘာအေးစေတီတော်မြတ်၌ သံဃာတော်( ၁၀၈)ပါးအား လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
May 04,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာတော်( ၁၀၈)ပါးအား ဆွမ်းဆန်စိမ်း၊ လှူဘွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေ လောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံနက်( ၆)နာရီက သပိတ်ကျင်းမြို့ ကဘဲ့ရပ်ကွက်ကမ္ဘာအေးစေတီတော်မြတ်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။