သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းအခမ်းအနားကျင်းပ
May 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို မြို့နယ်ရှိအမှတ်(၆)ရပ်ကွက် အလိုတော်ပြည့်ဓမ္မဗိမာန်တော်စေတီ၌ ယမန်နေ့နံနက်ပိုင်း(၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား/သူ (၃၄)ဦး လွတ်ငြိမ်းသက်သာခွင့်ပေး
May 04,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာသက္ကရာဇ် (၁၃၈၅)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ အကျဉ်း သား/သူ(၃၄)ဦးအား ယနေ့ နံနက်(၁၀)နာရီက လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သိရသည်။
မင်းလှမြို့၌ ရွှေဘုန်းသာစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူ‌ပူဇော်ပွဲ အခမ်းအနားကျင်းပ
May 04,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မြို့မရပ်ကွက်ရှိ ရွှေဘုန်းသာစေတီတော်မြတ်ကြီးအား ရွှေထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆွမ်းဆန်တော်လောင်းလှူခြင်းနှင့် ရွှေစည်းခုံဘုရားအတွင်း သန့်ရှင်းရေး ဆောင်ရွက်
May 04,2023
ကဆုန်လပြည့် ဗုဒ္ဓနေ့ နေ့ထူးနေ့မြတ် အခါသမယနှင့် ၂၀၂၃ ခုနှစ် ၊မေ ၅ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေအား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ယမန်နေ့ နံနက်  ၆  နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ရွှေစည်းခုံ ဘုရားကြီးရင်ပြင်၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ စုပေါင်းကျင်းပပြုလုပ်အပ်သော ညောင်ဦးမြို့နယ်အတွင်းရှိ သံဃာတော် (၁၀၈) ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်းနှင့် ရွှေစည်းခုံဘုရားဝင်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဗုဒ္ဓနေ့ အခမ်းအနား ကျင်းပ
May 04,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ဗုဒ္ဓနေ့အခမ်းအနားကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ကြီးမှူး၍ ဗုဒ္ဓသာသနာ့ဗိမာန်တွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြသည်။
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုခြင်းအထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ
May 04,2023
မေလ ၅ ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုခြင်းအထိမ်းအမှတ်အဖြစ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့ ဘုန်းတော်တိုးဘုရား‌စေတီရှေ့ မီးပွိုင့်လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ကဆုန်လပြည့်နေ့တွင် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
May 04,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့)တွင် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပွဲအခမ်းအနားကို ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၌ ကျင်းပသည်။
ရမည်းသင်းအကျဉ်းဦးစီးဌာနတွင် ပြစ်ဒဏ်ခံရသူအချို့ကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာ ခွင့်ပေး
May 04,2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ၏ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အမိန့်အမှတ် (၃၁/၂၀၂၃)ပြစ်ဒဏ် လွတ်ငြိမ်းခွင့်အမိန့်အရ၊ ရမည်းသင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ရမည်းသင်းအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့် အကျဉ်သူတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးပွဲ အခမ်းအနားကို ရမည်းသင်းအကျဉ်းထောင်ဝန်းရှိ ရိပ်သာ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။