ဆင်ပေါင်ဝဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေး (Women-Self.defense) ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကျင်းပ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အမျိုးသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေး(Women-Self. defense) ကိုယ်လုံပညာသင်တန်းဖွင့်ပွဲကို အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီဟွေဆုန်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်ဖြိုးက သင်တန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး သင်တန်းတွင် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ(၇၂)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ဒီဇင်ဘာ ၁၁ ရက်မှ ၁၂ ရက်ထိ ၂ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ထံမှ သိရှိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)