သတင်းများ

မအူပင်မြို့နယ်၌ ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ
May 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ်၊ သာသနာနှစ် ၂၅၆၇ ခုနှစ်၏ ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေ သွန်းပွဲတော်ကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ ဘုရား၊ စေတီပုထိုးများတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ပင်လောင်းမြို့ ကျက်သရေဆောင် မွေတော်ဆုတောင်းပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
May 04,2023
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကျက်သဆောင် မွေတော်ဆုတောင်းပြည့်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို  ယမန်နေ့တွင် ကျင်းပခဲ့သည်။
ကျောက်စိမ်းစေတီတော်ထီးတော်တင်လှူပွဲကျင်းပ
May 04,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်(၅)ဝိုင်း၊ ကန်ဦးကျောင်းတိုက်ဝန်းအတွင်းရှိ ကျိုက်မရောဘုရားကြီးကျောင်းတိုက်တွင် တည်ထားကိုးကွယ်သည့် ကျောက်စိမ်းစေတီတော် ထီးတော်တင်လှူပွဲကို ယမန်နေ့(ကဆုန်လပြည့်နေ့)နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။
ကဆုန်လပြည့်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ ဓာတုစယဓာတ်ပေါင်းစုစေတီ၌ (၁၃) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ခြင်း အခမ်းအနားကျင်းပ
May 04,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိ​မြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်၊ ဓာတုစယဓာတ် ပေါင်းစုစေတီ၌ (၁၃) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းလှူပူဇော်ခြင်းကို ယနေ့ညနေ ပိုင်းက ပြုလုပ်ခဲ့သည်။
မံစီမြို့နယ်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 04,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ ၂ ရက် နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဥတ္တရသီရိမြို့နယ်၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကျင်းပ
May 04,2023
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက်အတွင်းရှိ မဟာဗောဓိညောင်ပင်များကို ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်းအား  ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။
အိမ်မဲမြို့နယ်အတွင်း စေတီ၊ ပုထိုးများတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ညောင်ရေသွန်းလောင်း ကြသူများဖြင့် စည်ကားလျက်ရှိ
May 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း စေတီ၊ ပုထိုးများတွင် ကဆုန်လပြည့် (ဗုဒ္ဓနေ့)၌ ညောင်ရေသွန်းလောင်းကြသူများ၊ ဘုရားဖူးလာပြည်သူများ၊ စတုဒီသာ ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိသည်။
မြောင်းမြအကျဥ်းထောင်မှ အကျဥ်းသား ၄ ဦး ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြု
May 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကဆုန်လပြည့်ဗုဒ္ဓနေ့ ယနေ့ နံနက် ၁၀ နာရီ ၃၀ အချိန်တွင် မြောင်းမြအကျဥ်းထောင်မှ အကျဥ်းသား (၄) ဦးအား  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။