သတင်းများ

မြဝတီမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ဖို့ အားလုံးဝိုင်းဝန်းကူညီစို့အသိပညာပေး  Talk  Show   ပြုလုပ်
May 05,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမ၌ ယနေ့နံနက်၁၀နာရီက  ကလေးအလုပ်သမားပပျောက်ဖို့ အားလုံးဝိုင်းဝန်းကူညီစို့ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ မျက်စိဝေဒနာရှင်များအား အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆက်လက်ဆောင်ရွက်
May 05,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် (၅၁)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၃ခုနှစ်၊ မေလ(၁) ရက်နေ့ကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နမ္မတူတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင် ၃၁၅၀၀ ပျိုးထောင်ထားရှိ
May 05,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် နှစ်စဉ်ပျိုးပင်များ ပျိုးထောင်ထားရှိပြီး ၂၀၂၃ ခုနှစ်တွင်၊ လူထုဖြန့်ပျိုးပင် ၃၁၅၀၀ ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အင်းစိန်မြို့နယ်၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့အင်္ဂလိပ်စကားပြောနှင့် တရုတ်စကားပြောသင်တန်းများဖွင့်လှစ်ပေး
May 05,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊အတွေးအခေါ်များ မြင့်မားလာစေရန်၊ အင်္ဂလိပ်နှင့်တရုတ်စကားပြောပညာများ ရရှိနိုင်စေရန် ရည်ရွယ်၍အခမဲ့ အင်္ဂလိပ်စကားပြောနှင့် တရုတ်စကားပြောသင်တန်းများဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဖွင့်လှစ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်
May 05,2023
နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မီးသတ်ဦးစီးဌာနမှ နေအိမ်အရောက် အခမဲ့ရေများလှူဒါန်း
May 05,2023
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သောက်သုံးရေအခက်အခဲဖြစ်လျက်ရှိသည့် ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အတွင်းရှိ  မီးသတ်စခန်းများမှ လှူဒါန်းပေးလျက်ရှိရာ မြို့နယ်မီးသတ်ဦးစီးဌာနမှူးဦးဆောင်၍ ရေအခက်အခဲဖြစ်နေသည့် လှိုင်၊ သာယာအေး၊ ‌ရွှေမြိုင်သီရိရပ်ကွက်ပြည်သူများအား နေအိမ်များအရောက် အခမဲ့လှူဒါန်းပေးခဲ့ကြသည်။
လယ်ဝေးမြို့ ခုတင် (၁၀၀) ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း ၁၉၇ ဦး၏ ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များဆောင်ရွက်
May 05,2023
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက လယ်ဝေးမြို့ ခုတင်(၁၀၀) ဆေးရုံတွင် မြို့နယ်အတွင်းရှိ ကျေးလက်ဆေး ပေးခန်း၊ တိုက်နယ်ဆေးရုံနှင့် ခုတင်(၁၀၀)ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၏ ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်း၌ စတင်ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် သဲနုန်းများတူးဖော်ရေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများလှူဒါန်းမှု စုစုပေါင်းငွေက
May 05,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများလိုက်ပါလျက် ယမန်နေ့နံနက် ၈ နာရီတွင် ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန်၏ အရှေ့ဘက်ခြမ်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။