သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တောင်ကြီးပညာရေး ဒီဂရီကောလိပ် (အားကစားပြိုင်ပွဲ ဗဟိုအဆင့်) အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားတက်ရောက်
Dec 16,2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် လွိုင်ကော်ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ် (အားကစားပြိုင်ပွဲ ဗဟိုအဆင့်) အောင်နိုင်ရေးအလံ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက တောင်ကြီးပညာရေးဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ပြုလုပ် ခဲ့သည်။
ကျောက်ဆည်မြို့၌ ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သင်ထောက်ကူပြိုင်ပွဲနှင့်ပြပွဲ ကျင်းပ
Dec 16,2023
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်ပညာရုံးတွင် ယမန်နေ့နံနက် (၉)နာရီက ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ တွေးခေါ်မှုစွမ်းရည်မြင့်မားရေး၊ တီထွင်ကြံဆဆောင်ရွက်နိုင်ရေး သင်ထောက်ကူပြိုင်ပွဲနှင့်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမရပူရမြို့ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် တွဲဘက်အထက်တန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Dec 16,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ ဆင်စွယ်ပွတ်ရပ်ကွက်ရှိ မဟာဂန္ဓာရုံဘုန်းတော်ကြီးသင် တွဲဘက်အထက်တန်းကျောင်းတွင် ယမန်နေ့နံနက် ၉နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်၌ ဒီဇင်ဘာအားကစားလ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ
Dec 16,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဒီဇင်ဘာအားကစားလ ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားရုံ၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ
Dec 16,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အဆင့် (၇၆) နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူကလေးများက ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံကွန်ပျူတာသင်တန်း (၃/ ၂၀၂၃)ဆင်းပွဲ ကျင်းပ
Dec 16,2023
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူတာ(၃/၂၀၂၃)သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်တွင် စာသင်ကျောင်းအခြေပြု မျက်စိအမြင်အာရုံ အခမဲ့စမ်းသပ်စစ်ဆေးခြင်း လုပ်ငန်း ၇၀ ရာခိုင်နှုန်းပြီးစီး
Dec 16,2023
မွန်ပြည်နယ်တွင် ကျောင်းသား/သူများ ကျောင်းနေပျော်၍ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မျက်စိအမြင်အာရုံစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွင်း လျာထားချက်၏ ၇၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ်တွင် ဆောင်းရာသီ၌ ဆီထွက်သီးနှံ ၁၁၁၅ ဧက စိုက်ပျိုးမည်
Dec 16,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသနှင့်ကိုက်ညီသော ဆီထွက်သီးနှံများဖြစ်ကြသည့် မြေပဲ၊ နှမ်း၊ နေကြာ စုစုပေါင်း ၁၁၁၅ ဧက စိုက် ပျိုးရန် လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။