သတင်းများ

ပခုက္ကူမြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ
Mar 04,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရေးရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့၊ အသိပညာပေး နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ကြသည်။
ဘိုကလေးမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုဆောင်ရွက်
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင်(၅၀) ဆေးရုံဟောင်းတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားကျင်းပဆောင်ရွက်သည်။
မိုင်းဖြတ်မြို့နယ်၌ ဧက (၅၀) ဖရဲစိုက်ခင်း ​အောင်မြင်ဖြစ်ထွန်း​နေမှုအား ​တောင်သူများ ကွင်းဆင်းလေ့လာ
Mar 04,2025
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဒေသအတွင်း သီထပ်စွမ်းအား စိုက်ပျိုးမှုမြင့်မားလာ​စေရန်ရည်ရွယ်ပြီး ​ပါညု​ကျေးရွာအတွင်း ဧက (၅၀) ဖရဲစိုက်ခင်း ​အောင်မြင်ဖြစ်ထွန်း​နေမှု အ​ခြေအ​နေများကို ယနေ့နံနက်ပိုင်း ​တောင်းသူများက ကွင်းဆင်း​လေ့လာခဲ့​ကြောင်း သိရသည်။
ကလိန်‌အောင်မြို့၌ မီးသတ်ဦးစီးဌာနက ရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး
Mar 04,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်‌အောင်မြို့အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနက ယနေ့နံနက် ၁၀ နာရီအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးအနေဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်းတို့ဆောင်ရွက်
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုတင်(၅၀)ဆေးရုံဟောင်းတွင် ယမန်နေ့နံနက်(၁၁)နာရီအချိန်၌ ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ဘိုကလေးမြို့နယ်တွင် မြန်မာ့သနပ်ခါးအား တန်ဖိုးထားမြတ်နိုးတတ်စေရေး န.တ.လ ကျောင်းတွင် ဟောပြောပွဲကျင်းပ
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ မတ်လ(၂)ရက်နေ့ ညနေ(၄)နာရီအချိန်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြန်မာ့သနပ်ခါးအား တန်ဖိုးထားမြတ်နိုးတတ်စေရးအတွက် ဟောပြောပွဲကျင်းပဆောင်ရွက်သည်။
ခန္တီးမြို့နယ်၌ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Mar 04,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ မိခင်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခန္တီးမြို့နယ်၌ Grade 5 နှင့် Grade 9 နှစ်ဆုံးစာမေးပွဲစတင်ဖြေဆို
Mar 04,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်တွင် ယမန်နေ့နံနက် (၉)နာရီအချိန်မှစ၍ အခြေခံပညာကျောင်းများတွင် Grade 5 နှင့် Grade 9 နှစ်ဆုံးစာမေးပွဲစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။