နတ်တလင်းမြို့ အ.ထ.က(နတ်တလင်း)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

နတ်တလင်း ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အ.ထ.က(နတ်တလင်း)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်လွင်လွင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဒေါ်လဲ့ဝါမြင့်က ဟောပြာပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နတ်တလင်းမြို့မှ စီးပွားရေးလုပ်ငန်းရှင် ဆရာဦးရွှေလှိုင်မှ လူငယ်များဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်အတွက် “အနာဂတ်တွေ လှပဖို့ ဗလငါးတန်ဖွံ့ဖြိုးစို့” ခေါင်းစဉ်ဖြင့်လည်းကောင်း မြန်မာနိုင်ငံစာရေးဆရာအသင်းအဖွဲ့ဝင် လေယာဉ်မှူးကြီးဦးသိန်းဇော်မှ “ လုလင်ငယ်သွေး အာမာန်မွေးရမည်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာကဏ္ဍအလိုက်ပြန်လည်ဖြည့်စွက် ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)