သတင်းများ

သီပေါမြို့နယ်တွင် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းဆောင်ရွက်
Jul 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာ ကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအတွက် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးမြို့နယ်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခိုလမ်မြို့တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က ကုတင်(၁၀၀)ဆေးရုံတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကင်းမြို့နယ်၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ထူးချွန်ထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကင်းပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ်မြတ်ပညာခန်းမ၌ ကျင်းပသည်။
၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ခရိုင်အဆင့်ပြိုင်ပွဲဝင် ဆုရကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ခရိုင်အဆင့်ပြိုင်ပွဲဝင် ဆုရကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက တိုက်ကြီးခရိုင်ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပသည်။
ခိုလမ်မြို့၌ အငြိမ်းစားဝန်ထမ်း ပင်စင်လစာငွေများ ထုတ်ပေး
Jul 21,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၉ နာရီအချိန်က စတင်၍ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Jul 21,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ရပ်ကွက်များအတွင်းရှိ အသက်မွေးစမှ တစ်နှစ်ခွဲအရွယ်အထိ ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၉) နာရီအချိန်ကစ၍ အမှတ်(၆)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။