တိုက်ကြီး ဇူလိုင် ၂၁
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ခရိုင်အဆင့်ပြိုင်ပွဲဝင် ဆုရကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက တိုက်ကြီးခရိုင်ပညာရေးမှူးရုံး ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဉီးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံအားအလေးပြုသည်။ ဆက်လက်ပြီး ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြသည်။ ထို့နောက် တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးမြဝင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဒေါ်စန္ဒာမိုးက ဂုဏ်ပြုဆုချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ၂၀၂၃ ခုနှစ် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ခရိုင်အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းနှင့် ပိုစတာ ပြိုင်ပွဲများတွင် ဆုရရှိသူကျောင်းသားကျောင်းသူ ၁၆ ဉီးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ခရိုင်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများကို အသီးသီးချီးမြှင့်ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ တိုက်ကြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
စန်းကလျာခိုင် (ပြန်/ ဆက်)