သီပေါ ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့ကုန်းသာကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီက အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိမျိုးက မုန်တိုင်းဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ကျောင်းသား၊ ကျောင်းသူများအား ဟောပြောခဲ့ပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်မြပွင့်ဖြူက မုန်တိုင်းများ၏ အန္တရာယ်ကို နားလည်သဘောပေါက်လွယ်စေရန် အရောင်ဖြင့် သတိပေးစနစ်များရှိပါကြောင်းနှင့် အရောင်သတ်မှတ်ချက်များအား ဆက်လက်ဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း၊ ဆက်လက်၍ မုန်းတိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)