သတင်းများ

နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေး
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူ များ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများ အား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး မုဒုံမြို့၊ အသောကာရာမ ပရိယတ္တိ စာသင်တိုက် ဆရာ တော် ဖူးမြော်ကြည်ညို၊ မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ် ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ သွားရောက်ပြီး ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းပေးအပ်
Jul 21,2023
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်​ကြီးများသည် ယမန်​နေ့ နေ့လယ်ပိုင်းက မုဒုံမြို့၊ အသောကာရာမ ပရိယတ္တိစာသင်တိုက်တွင် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သာသနဓဇ ဓမ္မာစရိယ ဝိနယ ပါဠိပါရဂူ အသောကာရာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင်မင်္ဂလာဘိဝံသအား ဖူးမြော်ကြည်ညို၍
မြစ်သားမြို့နယ် ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ
Jul 21,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်၌ အသက် ၈၅ နှစ်အထက် အသက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့
Jul 21,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့်‌‌ ကျေးရွာများသို့ သွားရောက်ပြီး ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သကြားစက်ကျေးရွာအတွင်းရှိ အဘိုအဘွား(၁၀)ဦးအား သွားရောက်ထောက်ပံ့ခဲ့သည်။
မင်းလှမြို့တွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေရရှိစေရေး သင်တန်းပို့ချ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်းတို့ပူးပေါင်း၍ သက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က သရက်တပင်အုပ်စု၊ သရက်တပင်လူထုအခြေပြုလေ့လာမှုစခန်း၌ ပြုလုပ်သည်။
မင်းလှမြို့တွင် သက်မွေးဝမ်းကျောင်းပညာများဖြင့် မိသားစုဝင်ငွေရရှိစေရေး သင်တန်းပို့ချ
Jul 21,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ဟင်္သာရွှေမြေ တိုင်းဒေသကြီးတောင်သူလယ်သမားအဖွဲ့အစည်းတို့ပူးပေါင်း၍ သက်မွေးဝမ်းကျောင်းသင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က သရက်တပင်အုပ်စု၊ သရက်တပင်လူထုအခြေပြုလေ့လာမှုစခန်း၌ ပြုလုပ်သည်။
မက်မန်းမြို့နယ်တွင် အမျိုးသမီးများ အပိုဝင်ငွေရရှိရေး နို့စိမ်းခေါက်ဆွဲ ချက်ပြုတ်နည်းသင်တန်းဖွင့်လှစ်
Jul 21,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများ အပိုဝင်ငွေရရှိရေးအတွက် ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲမှ ဦးဆောင်၍ နို့စိမ်းခေါက်ဆွဲ ချက်ပြုတ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ ခရိုင်အထွေထွေ ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်းအတွင်၌ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၃၃၈ ဒသ ၄၈ သန်း ထုတ်ချေးပေး
Jul 21,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမလုပ်ငန်းကဏ္ဍနှင့် အသေးစား၊ အလတ်စား၊ အကြီးစားစက်မှုကဏ္ဍ လုပ်ငန်းများ အတွက် ရန်ပုံငွေကျပ် ၃၃၈ ဒသမ ၄၈ သန်း ထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။