မက်မန်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အမျိုးသမီးများ အပိုဝင်ငွေရရှိရေးအတွက် ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲမှ ဦးဆောင်၍ နို့စိမ်းခေါက်ဆွဲ ချက်ပြုတ်နည်းသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ ခရိုင်အထွေထွေ ချုပ်ရေးဦးစီးဌာန၊ ရုံးဝန်းအတွင်၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါသင်တန်းတွင် မက်မန်းမြို့နယ်အတွင်းရှိ အမျိုးသမီးများအနေဖြင့် အလုပ်အကိုင်အခွင့်အ လမ်းရရှိနိုင်ရေးနှင့် အမျိုးသမီးများအနေဖြင့် အိမ်တွင်းအချက်အပြုတ်မှတဆင့် အပိုဝင်ငွေရရှိနိုင်ရေး အတွက် ရည်ရွယ်ကာ နို့စိမ်းခေါက်ဆွဲချက်ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်သည်။ သင်တန်း တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ညိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နှင်းယုဝေနှင့် အဖွဲ့ဝင်များသည် နို့စိမ်းခေါက်ဆွဲချက်ပြုတ်နည်းအဆင့်ဆင့်၊ အသာရှိရောင်းတန်းဝင် နို့စိမ်းခေါက်ဆွဲချက်ပြုတ်သည့် နည်းလမ်းများကို မြို့နယ်အတွင်းရှိ အမျိုးသမီးများအား လက်တွေ့ ချက်ပြုတ်ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။ ထို့အပြင် လစဉ်အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေး အတွက် အချက်အပြုတ်သင်တန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)