နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေး

နတ်မောက် ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူ များ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့ ရက် နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများ အား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

အဆိုပါ ကျောင်းတွင် စာအုပ်စာစောင်များ ငှားရမ်းပေးရာ၌ ကျောင်းသား/သူများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင်  ဗဟုသုတတိုးပွားစေရေး အတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်၍ ကျောင်းသား/သူများဖတ်ရှုလေ့လာနိုင်ရန် သုတ/ ရသ မဂ္ဂဇင်းစသည့် စာအုပ်များငှားရမ်းပေးခဲ့ပြီး နှစ်ပတ်တစ်ကြိမ် စာအုပ်များ ပြန်လည်အပ်နှံခြင်းနှင့် အသစ်လဲလှယ်ထားရှိသော စာအုပ်များအား ထပ်မံငှားရမ်းပေး သွားမည်ဖြစ်သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူ ဖတ်ရှု နိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့်  ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့ အရောက်သွားကာ လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့လာရောက်ငှားရမ်းဖတ်ရှုလေ့လာနိုင်ကြောင်း သိရသည်။

လှဝင်း