မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည် ပြိုင်ပွဲပြုလုပ်

မိုင်းငေါ့ ဇူလိုင်  ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင်  ကျောင်းသား/သူ လူငယ် လေးများ စာကြည့်တိုက်နှင့် ရင်းနှီး ကျွမ်းဝင်မှုရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က ကျောင်း သား/သူများအား ပြိုင်ပွဲများပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ပြီးနောက် စာဖတ်စွမ်း ရည်ပြိုင်ပွဲကို ဆက်လက်ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ သူ(၁၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို လည်းအမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းငေါ့ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရေးနှင့် ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းနှင့် စာအုပ်စာစောင် များငှားရမ်းပေးခြင်းလုပ်ငန်းကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မြင့်သွယ် ( မိုင်းငေါ့၊ပြန်/ဆက်)