ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ တိုက်‌ကျွေးထိုးနှံ

ကမာရွတ် ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများတိုက်‌ကျွေးထိုးနှံခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကမာရွတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်‌ဆေးတိုက် ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးရာတွင် ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်)၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယို အစက်ချဆေး၊ ပိုလီယိုထိုးဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဘီစီဂျီ(ဦးနှောက်တီဘီရောဂါကာကွယ်ဆေး)၊ ရိုတာဗိုင်းရပ်စ်ကြောင့်ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးစသည့် ကာကွယ်ဆေး များကို တိုက်ကျွေးထိုးနှံပေးခြင်းဖြစ်ပြီး ယနေ့တွင် ကလေး(၄၀)ဦးတို့အား ကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေး‌ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများကို လစဉ်လဆန်း ၁ရက်နေ့မှ ၇ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နံနက် ၉ နာရီမှ နေ့လယ် ၂ နာရီအထိ ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

စိမ်းလဲ့(ပြန်ဆက်)