မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်၊ စကားဝါလမ်းအားကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်မှု ရာခိုင်နှုန်းပြည့်ပြီးစီး

မြို့သစ် ဇူလိုင် ၂၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရန်နှင့် ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်၊ မြို့ပြသာယာလှလာစေရန်အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ်(၃၁-ဒဿမ-၉၀)ကျပ်သန်းဖြင့် ကွက်သစ်ရပ်ကွက်ရှိ စကားဝါလမ်းအား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည်အရှည် (၁၁၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၈)လက်မရှိကွန်ကရစ်လမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ကာလအတွင်း အချိန်မီပြီးစီးရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ရာ(%) ရာခိုင်နှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

ကွန်ကရစ်လမ်းပြီးစီးပြီဖြစ်သဖြင့် ရပ်ကွက်နေပြည်သူများ သွားလာရေးပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ လမ်းများကောင်းမွန်လာသည့်အတွက် မြို့သန့်ရှင်းသာယာလှပပြီး အများပြည်သူများ၏ လူနေမှုဘဝမြင့်မားလာကာ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများ သွားလာလုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေစွာသွားလာနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သန်းဝင်းထွန်း(ပြန်/ဆက်)