သတင်းများ

စဉ့်ကိုင်မြို့နယ်၌ တက္ကသိုလ်၀င်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိခဲ့သူများအား ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 24,2023
ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာ​ရေးကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရန်အောင်မြင်ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ယမန်နေ့နံနက်(၁၀)နာရီက ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုနှင့် တက္ကသိုလ်၀င်စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိခဲ့သူအား ဆုချီးမြှင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြောင်းမြမြို့တွင် ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး ဟောပြောပွဲကို  ယမန်နေ့နေ့လယ် ၁:၀၀ အချိန်က မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ သက်သာသောဈေးနှုန်းဖြင့် သား/ငါး ဝယ်ယူစားသုံးနိုင်ရန် ဈေးနှုန်းသတ်မှတ်ရောင်းချပေး
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေး အပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် ဒေသခံပြည်သူလူထု သား/ငါး ဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းကစပြီး ဈေးနှုန်း များ သတ်မှတ်ရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
ပန်းတနော်မြို့နယ်၌ ကျောင်းသား/သူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ကျောင်းသား/သူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို  ယမန်နေ့နံနက် ၉ နာရီက အင်းမကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် မြို့ပြသန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ပြည်-မကွေး ကားလမ်းမတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။
ပေါက်ခေါင်းမြို့နယ် ဆရာဝန်ကြီးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့မှ အခမဲ့ကွင်းဆင်းဆေးကုသဆောင်ရွက်ပေး
Jul 24,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်မျိုးမြတ် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် ဇူလိုင် ၂၁ ရက်နေ့က ညောင်ကုန်းကျေးရွာနှင့်ပတ်ဝန်းကျင်‌ ကျေးရွာများရှိ ဒေသခံပြည်သူများအား  ညောင်ကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့တွင် ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ၂၄၀၀ ဦးထိစာရင်းကောက်ယူပြီးဖြစ်
Jul 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာ အချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများ နေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ (၂၄၀၀)ဦးထိ ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိ စစ်ပြီးကြောင်း သိရသည်။
နတ်မောက်မြို့နယ် တံခွန်တိုင်ကျေးရွာတွင် ရွက်ဖြန်းမြေဩဇာ စုပေါင်းပက်ဖြန်းပွဲ ကျင်းပ
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများဖြင့် ပူးပေါင်း၍ ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာ ကွင်းအမှတ်(၄၅၉) တောင်သူဦးဝင်းသန်း၏ ပဲစိုက်ခင်းတွင် ရွက်ဖြန်းမြေဩဇာစုပေါင်းပက်ဖြန်းပွဲ ကျင်းပခဲ့သည်။