တောင်တွင်းကြီးမြို့နယ်တွင် မြို့ပြသန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

တောင်တွင်းကြီး ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ပြည်-မကွေး ကားလမ်းမတစ်လျှောက်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည် - မကွေး ကားလမ်းမကြီးရှိ လမ်းဘေးဝဲယာတစ်လျှောက် စိုက်ပျိုးထားသော ပန်းအုတ်ခုံများအတွင်းရှိ ပန်းအလှပင်များအား ပုံဖော်ခြင်း၊ အုတ်ခုံပတ်လည်ရှိ ပေါင်းမြတ်များအား ရှင်းလင်းမြေဆွခြင်း၊ ပန်းခြံအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းမှုရှိစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စွန့်ပစ်အမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် ရှင်းလင်းသိမ်းဆည်း ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် လုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့သန့်ရှင်းသာယာစေရေးအတွက် စဉ်ဆက်မပြတ်  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)