အင်းစိန်မြို့နယ်၌ လှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၆)သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Jul 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ငါးမွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည် ထိန်းသိမ်းရေး၊ငါးမျိုးကောင်း မျိုးသန့်များ ရေရှည် တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်စေရန် ရည်ရွယ်၍ လှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ(၆)သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၈)နာရီက အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက်၊ ငါးချဆိပ်ကမ်းတွင် ကျင်းပသည်။