ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ထွက်ကုန်များလွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေးနှင့် ပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကျေးရွာချင်းဆက်လမ်း(၃)လမ်း ပြန်လည်ပြုပြင်ပေး

ကျောက်ဆည်၊ ဩဂုတ်   ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ မြိုပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးအတွက် ကျေးလက် လမ်း၊ တံတားများ တည်ဆောက်ခြင်း/ပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးလက်ထွက်ကုန်များလွယ်ကူလျင်မြန်စွာသယ်ယူနိုင်ရေးနှင့် ပြည်သူများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကျေးရွာချင်းဆက်လမ်း(၃)လမ်း ပြန်လည်ပြုပြင်ပေး လျက်ရှိကြောင်း သိရှိရသည်။

ပြန်လည်ပြုပြင်ပေးလျက်ရှိသော လမ်းများမှာ ကျောက်ဆည်-ငှက္ကတောင်လမ်း၊ မင်းစု-စပါယ်တော-မြစ်သားမြို့နယ်စပ်လမ်းမကြီးမှ ရွှေအင်း-ရှင်ငယ်ကျလမ်း၊ တောင်နောက်-သင်တောင်းလမ်း တို့ဖြစ်ပြီး ကျောက်ဆည်-ငှက္ကတောင်လမ်းအား ခွင့်ပြုရန်ပုံငွေ(၂၉၇.၅)ကျပ်သန်းဖြင့် အရှည်(၁)မိုင်၊ အကျယ် (၁၈)ပေ၊ လမ်းထု(၉)လက်မ ကတ္တရာထပ်ပိုးလွှာ ခင်းပေးခြင်း၊ ရွှေအင်း-ရှင်ငယ်ကျလမ်းအား ခွင့်ပြုရန်ပုံငွေ (၇၇.၆၇)ကျပ်သန်းဖြင့် အရှည်(၀/၄)မိုင်၊ အကျယ် (၁၆)ပေ၊ လမ်းထု(၆)လက်မ ကျောက်ချော လမ်းခင်းခြင်း၊ တောင်နောက်-သင်တောင်းလမ်းအား ခွင့်ပြုငွေကျပ်(၇၅.၄၇)ကျပ်ဖြင့် အရှည်(၀/၁.၇၄)မိုင်၊ အကျယ်(၁၂)မိုင်၊ လမ်းထု(၇)လက်မ ကွန်ကရစ်လမ်းခင်းခြင်းတို့ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းများ ပြန်လည်ပြုပြင်ခြင်းဖြင့် ဒေသခံကျေးရွာ(၈)ရွာမှ အိမ်ခြေ (၁၄၅၄)အိမ်၊လူဦးရေ(၆၆၈၄)ဦးနှင့် လမ်းအသုံးပြုပြည်သူများ၏ ဒေသထွက်ကုန်းများနှင့် အခြားကုန် ပစ္စည်းများ သယ်ယူရာ၌ အချိန်နှင့်ကုန်ကျမှုစရိတ်များ သက်သာလာမည်ဖြစ်ကြောင်းနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်