မက်မန်းမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ
Jul 05,2025
ရှမ်းပြည်နယ် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်းများ ကျွမ်းကျင်မှုရှိစေရေး၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားစေရေးနှင့် စာငှား/စာဖတ်ပြည်သူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးစွမ်းနိုင်ရန်အတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ကို ဇူလိုင် (၂)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယမန်နေ့ညနေ (၃)နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။