လယ်ဝေးမြို့ အေလာအခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဟောပြောပွဲ ကျင်းပ

လယ်ဝေး ဇူလိုင် ၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာအခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲပိုင်းက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

အခမ်းနားသို့ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်၊ စိုက်ပျိုးရေးတက္ကသိုလ်ပါ‌မောက္ခ(ငြိမ်း) ဒေါက်တာမျိုးကြွယ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာတင်ငွေ၊ မြို့နယ်ပညာရေးမှုးနှင့်ဆရာ၊ ဆရာမများ၊ အ-ထ-က‌(၁)၊ အ-ထ-က(၂)၊ အ-ထ-က(အေလာ)၊ အ-ထ-က(စက်ရုံ)၊ အ-ထ-က(ပျံချီ)၊ အ-ထ-က (သဲကောကြီး)ကျောင်းများမှ Grade-9 ကျောင်းသား၊ ကျောင်းသူ (၂၀၀)ဦး တက်ရောက်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဝင်းအောင်က အဖွင့်မှာစကား ပြောကြားပြီး စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ(ငြိမ်း) ဒေါက်တာမျိုးကြွယ်က အခြေခံစိုက်ပျိုး ပညာသိကောင်းစရာများ ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဒေါက်တာတင်ငွေမှ  မွေးမြူရေးပညာရပ် လူငယ်တို့၏ ထွန်းတောက်ပသည့် အနာဂတ်ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)