သတင်းများ

သထုံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jun 05,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့ အထိမ်းအမှတ်အဖြစ် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် သစ်တောဦးစီးဌာနမှပြုလုပ်သည့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့၊ နံနက်က ထောင်မှူးကျေးရွာ၊ သုဓမ္မဝတီမြို့သစ်ရှိ ရန်ကုန်-ဘားအံ ကားလမ်းနံဘေး၌ ကျင်းပပြုလုပ်သည်။
မော်လမြိုင်ကျွန်းမြို့နယ်၌ မှိုစိုက်ပျိုးထုတ်လုပ်နည်း ပညာပေးသင်တန်းဖွင့်လှစ်
Jun 05,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဒေသခံတောင်သူများ ဝင်ငွေတိုးပွားလာစေရေးနှင့် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်အထိ မှိုစိုက်ပျိုးထုတ်လုပ်နိုင်စေရေး ရည်ရွယ်၍ မှိုစိုက်ပျိုးထုတ်လုပ်နည်း ပညာပေးသင်တန်းကို ဇွန် ၅ ရက် နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။
လမ်းမတော်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Jun 05,2026
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ဇွန် ၃ ရက်နေ့ နံနက် ၉ နာရီတွင် လမ်းမတော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့်အဖွဲ့ ပျော်ဘွယ်မြို့နယ်သို့ရောက်ရှိပြီး မြို့နယ်အားကစားကွင်းအားကြည့်ရှုစစ်ဆေး
Jun 05,2026
အားကစားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးညီညီသည် တာဝန်ရှိသူများ လိုက်ပါလျက် ပျော်ဘွယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ ဇွန်လ ၅ ရက်နံနက် ၁၁ နာရီကရောက်ရှိပြီး အားကစားကွင်း စနစ်တကျပြင်ဆင်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဇင်းကျိုက်မြို့၌ စားသောက်ကုန်များ၌ ခွင့်မပြုသည့် ဓာတုဆိုးဆေးပါဝင်ခြင်းမရှိရေး ကွင်းဆင်းစစ်ဆေး
Jun 05,2026
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဇင်းကျိုက်မြို့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မရှိသောကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုမရှိရေးနှင့် စားသောက်ကုန်များ၌ ခွင့်မပြုသည့် ဓာတုဆိုးဆေးများ ပါဝင်ခြင်းမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန်လ (၄) ရက်နေ့ မွန်းလွဲပိုင်းက ဇင်ကျိုက်မြို့၊ ဗိုလ်ချုပ်ဈေး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာ၌ ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jun 05,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ ‌“‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မရမ်းကုန်း‌ကျေးရွာ၊ ရွှေမာလာ ဘုရားဝင်းအတွင်းရှိ ပုညဝဍ္ဎန ဓမ္မာရုံ၌ ကျင်းပသည်။
လှိုင်းဘွဲမြို့၌ ဥပဒေဆိုင်ရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 05,2026
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဥပဒေရေးရာ၊ တရားစီရင်ရေးဆိုင်ရာနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အသိ ပညာပေးဟောပြောပွဲနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း ၌ ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ဖြူးမြို့နယ် အ.လ.က (ခွဲ) တပ်တွင်းကျောင်း၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် ဆောင်ရွက်ပေး
Jun 05,2026
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ အ.လ.က (ခွဲ) တပ်တွင်းကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ အသက် (၁၀) နှစ်နှင့် အထက် ကျောင်းသား/ သူများအား ဇွန် ၃ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးနေကြောင်း သိရသည်။