သထုံ ဇွန် ၅
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဇင်းကျိုက်မြို့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၏ ခွင့်ပြုချက်မရှိသောကုန်ပစ္စည်းများ ဈေးကွက်အတွင်းရောင်းချမှုမရှိရေးနှင့် စားသောက်ကုန်များ၌ ခွင့်မပြုသည့် ဓာတုဆိုးဆေးများ ပါဝင်ခြင်းမရှိရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဇွန်လ (၄) ရက်နေ့ မွန်းလွဲပိုင်းက ဇင်ကျိုက်မြို့၊ ဗိုလ်ချုပ်ဈေး၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးခြင်းကို မွန်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့မှ တာဝန်ရှိသူများ ပူးပေါင်းကာ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ပြည်သူ့အတွက်ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)